အကျဉ်းချုပ်
ငွေပေးချေနည်း ၂ မျိုး ရှိပါတယ်။ Wallet က ကြိုတင် ငွေဖြည့်ထားပြီး အမြန်ဆုံး (ချက်ချင်း) ဝယ်လို့ရတဲ့နည်းပါ။ KBZ Pay / Wave Pay / AYA Pay တိုက်ရိုက်ဆိုရင်တော့ Order တိုင်းမှာ ငွေလွှဲပြေစာ Screenshot တင်ရပြီး Admin စစ်ပြီးမှ ပို့ပေးပါတယ်။
၁။ အကောင့်ဖွင့်ခြင်း
- ညာဘက်အပေါ်က Sign Up ကို နှိပ်ပါ။
- နာမည်၊ Email နဲ့ Password (အနည်းဆုံး ၆ လုံး) ထည့်ပြီး Sign Up နှိပ်ပါ။ Google / Telegram ခလုတ်ပေါ်နေရင် အဲဒါနဲ့လည်း တစ်ချက်တည်း ဝင်လို့ရပါတယ်။
- နောက်တစ်ခါ Log in မှာ အဲဒီ Email နဲ့ Password နဲ့ ပြန်ဝင်ပါ။
🔒 ဒီ site အတွက် Password ကို Gmail / Facebook / PUBG Password နဲ့ မတူအောင် သီးသန့်ပေးပါ။ ကျွန်တော်တို့ဘက်က သင့် PUBG Account Password ကို ဘယ်တော့မှ မတောင်းပါဘူး။
၂။ PUBG ID (Character ID) ရှာနည်း
- PUBG Mobile ကို ဖွင့်ပြီး Lobby ထဲ ဝင်ပါ။
- ဘယ်ဘက်အပေါ်ထောင့်က ကိုယ့် Avatar / Profile ပုံ ကို နှိပ်ပါ။
- နာမည်အောက် (သို့) ဘေးမှာ ပါတဲ့ ID ဂဏန်း (ဥပမာ
5123456789) ကို ကြည့်ပါ။ ဘေးက Copy icon ကို နှိပ်ရင် ကူးယူလို့ရပါတယ်။ - Order page ရဲ့ PUBG Character ID ထဲမှာ paste လုပ်ပြီး ID စစ်မည် ကို နှိပ်ပါ။ ✔ နဲ့ ကိုယ့် In-game နာမည် ပေါ်လာရင် မှန်ပါပြီ။
⚠️ ID က ဂဏန်းသက်သက် ဖြစ်ရပါမယ်။ In-game နာမည် (Nickname) ကို မထည့်ပါနဲ့။ ID မှားပြီး ပို့ပြီးသွားရင် UC ကို ပြန်ယူလို့ မရပါဘူး — Order မတင်ခင် နာမည်ကို သေချာ စစ်ပါ။
၃။ Wallet ငွေဖြည့်နည်း
- Login ဝင်ပြီး Menu က Wallet ကို နှိပ်ပါ။
- ငွေလွှဲမယ့် နည်း (KBZ Pay / Wave Pay / AYA Pay) ကို ရွေးပါ။ အကောင့်နာမည်နဲ့ ဖုန်းနံပါတ် ပေါ်လာပါမယ်။
- အဲဒီ အကောင့်ကို ငွေလွှဲပါ (အနည်းဆုံး 1,000 MMK)။
- လွှဲခဲ့တဲ့ ပမာဏ ရိုက်ထည့်ပြီး ငွေလွှဲပြေစာ Screenshot တင်ကာ Submit လုပ်ပါ။
- Admin စစ်ဆေးပြီး Approve လုပ်တာနဲ့ Wallet ထဲ ငွေဝင်ပါမယ်။ Wallet page မှာ Status ကို ကြည့်နိုင်ပါတယ်။
💡 Screenshot မှာ ငွေပမာဏ၊ နေ့စွဲ/အချိန်နဲ့ Transaction ID ပါအောင် ရိုက်ပါ။ ပြေစာ အတု တင်ရင် အကောင့်နဲ့ PUBG ID ကို အပြီးပိတ်ပါတယ်။
၄။ Order တင်နည်း
- Order page ကို ဖွင့်ပါ။ အပေါ်က Tab (UC / WOW Coins / Elite Pass / Prime / Packs) ထဲက လိုချင်တဲ့ Package ကို ရွေးပါ။
- PUBG ID ထည့်ပြီး ID စစ်မည် နှိပ်ကာ နာမည် မှန်လား စစ်ပါ။
- အရေအတွက် ရွေးပါ (UC နဲ့ WOW Coins ကို အများကြီး ဝယ်လို့ရပြီး Elite Pass / Prime / Packs က တစ်ကြိမ်မှာ ၁ ခုသာ ဝယ်လို့ရပါတယ်)။
- ငွေပေးချေနည်း ရွေးပါ —
- My Wallet — Wallet ထဲက ငွေ ချက်ချင်းဖြတ်ပြီး Auto ပို့ပေးပါတယ်။
- KBZ / Wave / AYA — ပြထားတဲ့ အကောင့်ကို ငွေလွှဲပြီး Screenshot တင်ပါ။ Admin စစ်ပြီးတာနဲ့ Auto ပို့ပေးပါတယ်။ ဒီနည်းနဲ့ဆို စစ်ဆေးဆဲ Order တစ်ခုပြီးမှ နောက်တစ်ခု တင်လို့ရပါတယ်။
- Order တင်မည် ကို နှိပ်ပြီး အတည်ပြုပါ။ My Orders မှာ Status ကို ကြည့်နိုင်ပါတယ်။
⏱️ ပုံမှန် ၁ – ၃ မိနစ်အတွင်း ရောက်ပါတယ်။ PUBG server ဘက် ပြဿနာရှိရင် Auto ပြန်ကြိုးစားတာကြောင့် မိနစ် ၃၀ လောက်ထိ ကြာနိုင်ပါတယ်။ ရောက်ပြီဆိုရင် Game ထဲ Mail / UC balance မှာ စစ်ကြည့်ပါ။
၅။ Order Status အဓိပ္ပာယ်
ငွေလွှဲပြေစာကို Admin စစ်ဆေးနေဆဲ
ပို့နေဆဲ — ခဏစောင့်ပါ
Game ထဲကို ရောက်ပါပြီ
တစ်စိတ်တစ်ပိုင်းပဲ ရောက်ပါတယ် — မရောက်တဲ့အပိုင်းကို Wallet ထဲ Auto ပြန်အမ်းပါတယ်
မပို့နိုင်ပါ — Wallet နဲ့ဝယ်ရင် ငွေကို Auto ပြန်ထည့်ပေးပါတယ်
ငွေလွှဲပြေစာ မမှန်လို့ ငြင်းပယ်ထားပါတယ်